Skip to playerSkip to main contentSkip to footer
  • 8/24/2019

ဧရာဝတီ၊ သြဂုတ် ၂၄၊ ၂၀၁၉

ဥပဒေတချို့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ရုတ်သိမ်း ပြင်ဆင်ခဲ့မှုကြောင့် သတင်းရရှိမှုနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေ ပြဌာန်းခြင်း၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ ပြဌာန်းခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ (ဧည့်စာရင်းဥပဒေ)ကို ပြင်ဆင်သည့် ဥပဒေ ပြဌာန်းခြင်းတို့ကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ထောက်ပြ ပြောဆိုခဲ့တာပါ။

ရိုက်ကူး/တည်းဖြတ် - ဇော်နောင်လင်

Category

🗞
News

Recommended