Skip to playerSkip to main contentSkip to footer
  • 5/10/2019
ဇန်မူအန်သည် အမေရိကန်နိုင်ငံရှိ တရုတ်ခရစ်ယာန်အသင်းတော်တွင် တွဲဖက်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ သူသည် သခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ပြီး သခင်အတွက် စိတ်အားထက်သန်စွာ အလုပ်လုပ်ပြီး အသုံးတော်ခံလျက်ရှိသည်။ တစ်နေ့တွင် သူ၏ အဒေါ်ဖြစ်သူသည် သခင်ယေရှုသည် သမ္မာတရားကို ဖော်ပြဖို့ပြန်လာပြီးဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သူ့ကို သက်သေခံခဲ့ပြီး ဤသတင်းသည် သူ့အား အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဇာတ်လမ်းနှင့် ဗီဒီယိုများကိုကြည့်ပြီးနောက် ဇန်မူအန်၏ နှလုံးသားသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်လာခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း လက်ခံခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ ညီအစ်ကိုမောင်နှမတို့နှင့်အတူ နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်ကို စတင်လေ့လာစူးစမ်းခဲ့သည်။ သို့သော် သူ့အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ သင်းအုပ်ဆရာမာသည် ဤအကြောင်းကို သိရှိသွားပြီး ဇန်မူအန်ကို ကြိမ်ဖန်များစွာ ဝင်ရောက်နှောက်ယှက်ပြီး တားဆီးဖို့ ကြိုးစားသည်။ သူသည် ဇန်မူအန်အား မှန်ကန်သည့်လမ်းကို စူးစမ်းလေ့လာခြင်းကို စွန့်လွှတ်ရန်အတွက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား အသေရဖျက်ရှုတ်ချထားသည့် စီစီပီအစိုးရ၏ ဝါဒဖြန့်ဗီဒီယိုကို ပြသည်။ ဤဗီဒီယိုကြောင့် ဇန်မူအန်သည် အလွန်စိတ်ရှုပ်ထွေးသွားသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို သူ သိသာစွာ မြင်နိုင်သည်။ ဤသို့ဆိုလျှင် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင်ဘုရားသခင်အား အဘယ်ကြောင့်ရှုတ်ချကြသနည်း။ သူတို့ကိုယ်တိုင်သာ စူးစမ်းလေ့လာဖို့ ငြင်းဆန်ရုံတင်မကဘဲ တခြားလူများကိုပါ မှန်ကန်သည့်လမ်းကို လက်ခံခြင်းမှ တားဆီးဖို့ ကြိုးစားကြသည်။ အဘယ်ကြောင့်နည်း။ ဇန်မူအန်သည် လိမ်ညာခံရပြီး မှားယွင်းသည့်လမ်းကို လျှောက်မိမည်ကို ကြောက်ရွံ့သည်။ သို့သော် ချီဆောင်ခြင်းခံရမည့်အခွင့်ကို ဆုံးရှုံးရမည်ကိုလည်း ကြောက်ရွံ့သည်။

မြင်ကွင်းများ

https://my.kingdomsalvation.org/videos/deadly-ignorance-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended