Skip to playerSkip to main contentSkip to footer
  • 3/3/2019
သမ္မာကျမ်းစာထဲတွင် မှတ်တမ်းသွင်းထားသည်မှာ သခင်ယေရှုသည် ဖာရိရှဲတို့ကို အမင်္ဂလာ ၇ ပါးနှင့် ရှုတ်ချခဲ့လေသည်။ ယနေ့ခေတ်တွင် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ လျှောက်လှမ်းသည့် လမ်းကြောင်းမှာ ဖာရိရှဲတို့၏ လမ်းစဉ်ဖြစ်နေပြီး၊ သူတို့လည်း ဘုရားသခင်၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်းတို့ကို အလားတူခံစားကြရသည်။ အဘယ်ကြောင့် သခင်ယေရှုသည် ဖာရိရှဲတို့ကို ရှုတ်ချပြစ်တင်ပြီး အမင်္ဂလာ သင့်စေခဲ့သလဲ။ အဓိကအားဖြင့် သူတို့သည် ဘုရားသခင်ကို ဘောင်ခတ်ခဲ့သော သူတော်ယောင်အနှစ်သာရရှိကြသောကြောင့်လည်းကောင်း၊ ဘာသာရေးထုံးတမ်းများနှင့် နည်းဥပဒေသတို့ကိုသာ လုပ်ဆောင်ကြရန် စိတ်နှစ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်၏ ပညတ်တော်တို့ကို မည်သို့မျှမလိုက်နာခြင်းကြောင့်လည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်တို့ကို ပစ်ပယ်ခြင်းကြောင့်လည်းကောင်း ဖြစ်လေသည်။ သူတို့လုပ်ဆောင်ခဲ့သမျှသည် ဘုရားသခင်၏အလိုတော်နှင့် လိုအပ်ချက်များကို လုံးဝဆန့်ကျင်နေခဲ့သည်။ ယင်းတို့သည် ဖာရိရှဲတို့၏ သီလကြောင်အနှစ်သာရဖြစ်ပြီး၊ သူတို့ကို သခင်ယေရှုက မုန်းတီးကာ အမင်္ဂလာသင့်စေခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။

အကြံပြုစာမျာ:

https://my.kingdomsalvation.org/when-God-made-anew-heaven-earth.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

တံဆိပ်များ #အရှေ့အရပ်မှလျှပ်ပြက်ခြင်း, #ဧဝံဂေလိတရား, #သမ္မာကျမ်းစာ, #သမ္မာတရား, #အသက်

Recommended