Skip to playerSkip to main contentSkip to footer
  • 9/7/2018
အစားအသောက်နဲ့ ကိုယ်အလေးချိန်ကို တကယ်ချနိုင်မှာလား..


ကိုယ်ခန္ဓာ အလေးချိန်ထိန်းသိမ်းဖို့ လမ်းညွှန်ပေးနေသူ တဦး ဖြစ်တဲ့ မသင်းစုစုကျော်နဲ့ Friday Live အစီအစဉ် စတင်နေပါပြီ။

လေ့ကျင့်ခန်းမလုပ်ဘဲ အစားအသောက် သက်သက် နဲ့ ဆိုရင်ကော ဝိတ် တကယ်ကျနိုင်လား၊ ကိုယ် အလေး ချိန်လည်း ထိန်းထားနိုင်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ က ဘာတွေများ ဖြစ်မလဲ။

ကျောင်းသွား ကျောင်းပြန် ‍ရုံးတက်ရုံးဆင်း‍‍နဲ့ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင် ကိုယ်အလေးချိန် လည်းကျချင်တယ်ဆိုတဲ့သူတွေအတွက် အစားအသောက်နဲ့ ၀ိတ်ချတာက အဖြစ်နိုင်ဆုံးနည်းလမ်းလို့ ဆိုနိုင်မလား။

အမျိုးသမီးတွေအနေနဲ့ ကျန်းမာပြီး လှပကျော့ရှင်းစေဖို့ ညနေစာမစားတာမျိုး၊ အစားလျော့စားတာတွေ ကရော တကယ်မှန်ရဲ့လား။

အစားအသောက် စနစ်တကျစားရုံနဲ့ အမျိုးသမီး ကြီးငယ်၊ ပျိုပျို အိုအို မရွေး ကိုယ်အလေးချိန်ကျသလို ကျန်းမာရေးကိုလည်း မထိခိုက်စေဖို့ သိထားသင့်တာတွေ၊ သိလိုတဲ့မေးခွန်းတွေကို မသင်းစုစုကျော်နဲ့အတူ တိုက်ရိုက် ပါဝင်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ် ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #FridayLive #အစားအသောက်နဲ့ဝိတ်ချမယ် #အမျိုးသမီးနဲ့အလှအပ #အမျိုးသမီးနဲ့ကျန်းမာရေး

Category

😹
Fun

Recommended