Skip to playerSkip to main contentSkip to footer
  • 8/8/2018
ေျခာက္ႏွစ္ၾကာမွ အယ္လ္ဘမ္အသစ္နဲ႔ ပရိသတ္အေရွ႕ေရာက္လာတဲ့ ၿဖိဳးႀကီး

ၾသဂုတ္ - ၃၊၂၀၁၈

ပရိသတ္နဲ႔ ေျခာက္ႏွစ္တာ အဆက္အသြယ္ျပတ္ေနတဲ့ ေတးသံရွင္ၿဖိဳးႀကီးက သူ႔ရဲ႕ အယ္လ္ဘမ္အသစ္နဲ႔အတူ ပရိသတ္အေရွ႕ကိုေရာက္ရွိလာပါၿပီ။

အယ္လ္ဘမ္ကိုေတာ့ “ငါ့ရဲ႕အရာရာ”လို႔ နာမည္ေပးထားၿပီး ဒါဟာ ၿဖိဳးႀကီးရဲ႕ တတိယေျမာက္အေခြလည္းျဖစ္ပါတယ္။

သီခ်င္းပံုစံအသစ္ေတြပါဝင္ၿပီး ၿဖိဳးႀကီးရဲ႕ နဂိုုသီဆိုဟန္နဲ႔အတူ အခ်စ္သီခ်င္းဆိုဆိုေလးေတြကို ဒီအေခြမွာ နားဆင္ရမွာပါ။

အေခြမထြက္တာၾကာၿပီျဖစ္တဲ့ ၿဖိဳးႀကီးအေနနဲ႕ သူ႔ရဲ႕သီခ်င္းအသစ္ေတြအေပၚမွာ ပရိသတ္ေတြဘယ္လိုတံု႔ျပန္မလဲဆိုတာကို ရင္ခုန္ေနတယ္လုိ႔ ၿဖိဳးႀကီးကေျပာပါတယ္။

ဒီအေခြမွာ သီခ်င္း ၁၃ ပုဒ္ပါဝင္ၿပီး ေတးေရး ေမာင္ေမာင္ေဇာ္လတ္၊ကိုေအာင္၊ေနာေနာ္၊ေဝလ၊ေအာင္ျဖိဳး၊မိုးမိုး၊ေအာင္လနဲ႔သူကိုယ္တုိင္ေရးဖြဲ႔ထားတဲ့သီခ်င္ေတြပါဝင္မွာျဖစ္ပါတယ္။

ဒီအေခြကို လာမယ့္ ၾသဂုတ္လ ၅ ရက္ေန႔မွာ The Sun Music Production ကေန ျဖန္႔ခ်ိသြားမွာျဖစ္ၿပီး အေခြထြက္မယ့္ရက္မွာပဲ လွည္းတန္းစင္တာမွာ ပရိသတ္ေတြနဲ႔ အမွတ္တရေတြ႔ဆံုသြားမယ္လုိ႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

#အယ္လ္ဘမ္ #ပရိသတ္ #အဆိုေတာ္ၿဖိဳးႀကီး #7DAY TV

(Unicode)

ခြောက်နှစ်ကြာမှ အယ်လ်ဘမ်အသစ်နဲ့ ပရိသတ်အရှေ့ရောက်လာတဲ့ ဖြိုးကြီး

သြဂုတ် - ၃၊၂၀၁၈

ပရိသတ်နဲ့ ခြောက်နှစ်တာ အဆက်အသွယ်ပြတ်နေတဲ့ တေးသံရှင်ဖြိုးကြီးက သူ့ရဲ့ အယ်လ်ဘမ်အသစ်နဲ့အတူ ပရိသတ်အရှေ့ကိုရောက်ရှိလာပါပြီ။

အယ်လ်ဘမ်ကိုတော့ “ငါ့ရဲ့အရာရာ”လို့ နာမည်ပေးထားပြီး ဒါဟာ ဖြိုးကြီးရဲ့ တတိယမြောက်အခွေလည်းဖြစ်ပါတယ်။

သီချင်းပုံစံအသစ်တွေပါဝင်ပြီး ဖြိုးကြီးရဲ့ နဂိုုသီဆိုဟန်နဲ့အတူ အချစ်သီချင်းဆိုဆိုလေးတွေကို ဒီအခွေမှာ နားဆင်ရမှာပါ။

အခွေမထွက်တာကြာပြီဖြစ်တဲ့ ဖြိုးကြီးအနေနဲ့ သူ့ရဲ့သီချင်းအသစ်တွေအပေါ်မှာ ပရိသတ်တွေဘယ်လိုတုံ့ပြန်မလဲဆိုတာကို ရင်ခုန်နေတယ်လို့ ဖြိုးကြီးကပြောပါတယ်။

ဒီအခွေမှာ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး တေးရေး မောင်မောင်ဇော်လတ်၊ကိုအောင်၊နောနော်၊ဝေလ၊အောင်ဖြိုး၊မိုးမိုး၊အောင်လနဲ့သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့သီချင်တွေပါဝင်မှာဖြစ်ပါတယ်။

ဒီအခွေကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ The Sun Music Production ကနေ ဖြန့်ချိသွားမှာဖြစ်ပြီး အခွေထွက်မယ့်ရက်မှာပဲ လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ အမှတ်တရတွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#အယ်လ်ဘမ် #ပရိသတ် #အဆိုတော်ဖြိုးကြီး #7DAY TV

Category

😹
Fun

Recommended