Skip to playerSkip to main contentSkip to footer
  • 10/7/2017
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(၂၀၁၈)ရဲ့ ရွေးကောက်ပွဲ မှာ ဥက္ကဌသစ်အဖြစ် ဝါရင့်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်းကို ရွေးကောက်တင်မြောက်ခဲ့ကြပါတယ်။ အကယ်ဒမီဇင်ဝိုင်းဟာ ရုပ်ရှင်အစည်းအရုံးဥက္ကဌ အဖြစ် သက်တမ်း တစ်ကြိမ် တာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး ယခုနှစ်ရွေး ကောက်ပွဲမှာလည်း ဥက္ကဌအဖြစ် ဒုတိယအကြိမ်ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်လာမယ့် ဦးဇင်ဝိုင်းက ဥက္ကဌအဖြစ် တဖန်ပြန်လည်အရွေးခံခဲ့တာတွေ၊ အရင်တုန်းက ဥက္ကဌ အတွေ့အကြုံတွေနဲ့အတူ မြန်မာ့ရုပ်ရှင်ရဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲမှုအပိုင်းတွေ၊ အမှုဆောင်သစ်ရဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် အကြောင်းအရာတွေကို ပြောပြထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended